※ミャンマー語翻訳は日本語記事の下をご確認ください
မြန်မာဘာသာပြန်ကို ဂျပန်ဘာသာနဲ့ ရေးသားထားတဲ့ ဆောင်းပါးရဲ့အောက်မှာ ဖတ်ရှုနိုင်ပါတယ်။
日本で働くミャンマー人とご家族に知ってほしいこと
日本で働くミャンマー人から、「技人国や特定技能で働いていますが、特定活動で働く友人の方が、給料が高いです」という相談を受けることがあります。ミャンマーのご家族も、「大学を卒業して日本語を勉強したのに、なぜ、友人より給料が低いの?」と思うかもしれません。
しかし、日本では学歴や在留資格だけで給料が決まるわけではありません
なぜ特定活動の人の給料が高いことがあるの?
日本では、深夜や早朝の仕事、体力を使う仕事、危険や身体的な負担を伴う仕事など、人がやりたくない仕事では、給与や手当が高くなることがあります。また、夜勤や残業を多くすれば、毎月の収入も増えます。そのため、技人国や特定技能で働く人より、特定活動でこうした仕事をしている人の方が、月収が高くなる場合があります。
これは、「給料が高い人の方が、能力が高い」という意味ではありません。働く仕事や時間、条件が違うからです。
「手取りが多い」という話にも注意
「友人は現金でもっと多くもらっている」という話を聞くこともあります。現金で給与を受け取ること自体は問題ではありません。しかし、収入を正しく申告していない、税金を払っていない、社会保険が適切に処理されていない場合には問題となる可能性があります。
友人の「手取りはいくら」という話だけではなく、何時間働いているのか、夜勤や残業はどのくらいあるのか、税金や社会保険をきちんと払っているのかまで考えることが大切です。
給料だけで在留資格を変えない
現在、一部のミャンマー人に認められている特定活動は、ミャンマー情勢を理由とした特別な措置です。「もっと給料の高い仕事をするための在留資格」ではありません。友人の給料が高いからという理由だけで、現在持っている技人国や特定技能を手放すことは、慎重に考える必要があります。
特に技人国や特定技能は、一度特定活動へ変更してしまうと、後から元へ戻れる可能性は低くなります。再び条件に合う仕事を見つけ、最初から在留資格変更の審査を受ける必要があります。
「今の給料」だけで比べないでほしい

日本で働くうえで、給料はもちろん大切です。しかし、もっと大切なのは、「今いくらもらっているか」だけではなく、「3年後、5年後にどんな仕事ができるようになっているか」ということです。
日本語、仕事の経験、専門知識を身につけることは、将来の仕事や収入につながります。だからこそ、ご自身もご家族にも友人や知人の給料だけを見て、「給料が低いのか?」と比べるのではなく、「日本で何を学んでいるのか? 将来どんな仕事をしたいのか?」と確認して頂きたいと思います。
今の給料と、将来のキャリア。その両方を考えて、日本での仕事を選ぶことが大切です。
ဂျပန်မှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေနဲ့ မိသားစုဝင်တွေကို သိစေချင်တဲ့အကြောင်း
ဂျပန်မှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေဆီကနေ “ကျွန်တော်/ကျွန်မက နည်းပညာ၊ လူမှုရေးနှင့် လူသားသိပ္ပံဆိုင်ရာ အသိပညာ၊ နိုင်ငံတကာလုပ်ငန်းဆိုင်ရာ နေထိုင်ခွင့်(技術・人文知識・国際業務၊ အတိုကောက် ‘技人国’)ဒါမှမဟုတ် သတ်မှတ်ကျွမ်းကျင်လုပ်သား နေထိုင်ခွင့်(特定技能)နဲ့ အလုပ်လုပ်နေပေမဲ့၊ သတ်မှတ်လှုပ်ရှားမှု နေထိုင်ခွင့်(特定活動)နဲ့ အလုပ်လုပ်နေတဲ့ သူငယ်ချင်းက လစာပိုများနေပါတယ်” ဆိုတဲ့ တိုင်ပင်မေးမြန်းမှုမျိုးကို တစ်ခါတလေ လက်ခံရရှိပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ မိသားစုဝင်တွေလည်း “တက္ကသိုလ်လည်း ဘွဲ့ရထားတယ်၊ ဂျပန်စာလည်း လေ့လာထားတယ်။ ဒါပေမဲ့ ဘာကြောင့် သူငယ်ချင်းထက် လစာနည်းနေရတာလဲ” လို့ တွေးမိနိုင်ပါတယ်။
ဒါပေမဲ့ ဂျပန်မှာ လစာကို ပညာအရည်အချင်းနဲ့ နေထိုင်ခွင့်အမျိုးအစားပေါ် မူတည်ပြီးပဲ သတ်မှတ်တာ မဟုတ်ပါဘူး။
特定活動 နဲ့ အလုပ်လုပ်သူတွေက ဘာကြောင့် တစ်ခါတလေ လစာပိုများတာလဲ
ဂျပန်မှာ ညဉ့်နက်ပိုင်း ဒါမှမဟုတ် မနက်အစောပိုင်း အလုပ်တွေ၊ ကာယအားကို အသုံးပြုရတဲ့ အလုပ်တွေ၊ အန္တရာယ်ရှိတဲ့ ဒါမှမဟုတ် ခန္ဓာကိုယ်အပေါ် ဝန်ပိစေတဲ့ အလုပ်တွေလို လူတွေ သိပ်မလုပ်ချင်ကြတဲ့ အလုပ်မျိုးမှာ လစာနဲ့ ထောက်ပံ့ကြေးတွေ ပိုများတတ်ပါတယ်။ ဒါ့အပြင် ညဆိုင်းနဲ့ အချိန်ပို အလုပ်များများလုပ်ရင်လည်း လစဉ်ဝင်ငွေ ပိုများလာပါတယ်။ ဒါကြောင့် ဒီလိုအလုပ်တွေကို 特定活動 နဲ့ လုပ်နေသူတွေက 技人国 ဒါမှမဟုတ် 特定技能 နဲ့ အလုပ်လုပ်နေသူတွေထက် လစဉ်ဝင်ငွေ ပိုများတဲ့အခါမျိုး ရှိနိုင်ပါတယ်။
ဒါဟာ “လစာပိုများတဲ့သူက အရည်အချင်းပိုရှိတယ်” လို့ ဆိုလိုတာ မဟုတ်ပါဘူး။ လုပ်ရတဲ့အလုပ်၊ အလုပ်ချိန်နဲ့ အလုပ်အခြေအနေတွေ မတူတာကြောင့် ဖြစ်ပါတယ်။
“လက်ထဲရတဲ့ငွေ ပိုများတယ်” ဆိုတဲ့စကားကိုလည်း သေချာစဉ်းစားဖို့ လိုပါတယ်
“သူငယ်ချင်းက ငွေသားနဲ့ ဒီထက်ပိုရတယ်” ဆိုတဲ့စကားမျိုးကိုလည်း ကြားရတတ်ပါတယ်။ လစာကို ငွေသားနဲ့ လက်ခံရရှိတာကိုယ်တိုင်က ပြဿနာမရှိပါဘူး။ ဒါပေမဲ့ ဝင်ငွေကို မှန်မှန်ကန်ကန် မကြေညာတာ၊ အခွန်မပေးဆောင်တာ၊ လူမှုအာမခံဆိုင်ရာ ကိစ္စတွေကို စနစ်တကျ မဆောင်ရွက်ထားတာမျိုး ရှိရင်တော့ ပြဿနာဖြစ်လာနိုင်ပါတယ်။
သူငယ်ချင်းက “လက်ထဲ ဘယ်လောက်ရတယ်” ဆိုတဲ့အချက်ကိုပဲ ကြည့်တာထက်၊ အလုပ်ချိန် ဘယ်နှနာရီရှိလဲ၊ ညဆိုင်းနဲ့ အချိန်ပို ဘယ်လောက်လုပ်ရလဲ၊ အခွန်နဲ့ လူမှုအာမခံကြေးတွေကို စနစ်တကျ ပေးဆောင်ထားလား ဆိုတာတွေအထိ ထည့်သွင်းစဉ်းစားဖို့ အရေးကြီးပါတယ်။
လစာတစ်ခုတည်းကို ကြည့်ပြီး နေထိုင်ခွင့်အမျိုးအစား မပြောင်းပါနဲ့
လက်ရှိ မြန်မာနိုင်ငံသားအချို့ကို ခွင့်ပြုထားတဲ့ 特定活動 ဟာ မြန်မာနိုင်ငံရဲ့ အခြေအနေကြောင့် ချမှတ်ထားတဲ့ အထူးအစီအမံတစ်ခု ဖြစ်ပါတယ်။ “လစာပိုကောင်းတဲ့ အလုပ်လုပ်ဖို့အတွက် ပေးထားတဲ့ နေထိုင်ခွင့်” မဟုတ်ပါဘူး။ သူငယ်ချင်းရဲ့လစာက ပိုများနေတယ်ဆိုတဲ့ အကြောင်းပြချက်တစ်ခုတည်းနဲ့ လက်ရှိကိုင်ဆောင်ထားတဲ့ 技人国 ဒါမှမဟုတ် 特定技能 ကို စွန့်လွှတ်ဖို့ဆိုရင် သေချာစဉ်းစားဖို့ လိုပါတယ်။
အထူးသဖြင့် 技人国 ဒါမှမဟုတ် 特定技能 ကနေ 特定活動 ကို တစ်ကြိမ်ပြောင်းလိုက်ပြီးရင် နောက်ပိုင်း မူလနေထိုင်ခွင့်အမျိုးအစားကို ပြန်ပြောင်းနိုင်ခြေ နည်းသွားပါတယ်။ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့အလုပ်ကို ပြန်ရှာပြီး နေထိုင်ခွင့်အမျိုးအစား ပြောင်းလဲဖို့အတွက် အစကနေ ပြန်လည်လျှောက်ထားကာ စိစစ်မှုခံယူဖို့ လိုပါတယ်။
“လက်ရှိလစာ” တစ်ခုတည်းနဲ့ မနှိုင်းယှဉ်စေချင်ပါဘူး

ဂျပန်မှာ အလုပ်လုပ်တဲ့အခါ လစာက အရေးကြီးတာ မှန်ပါတယ်။ ဒါပေမဲ့ ပိုအရေးကြီးတာက “အခု ဘယ်လောက်ရနေလဲ” ဆိုတာတစ်ခုတည်းမဟုတ်ဘဲ “နောက် ၃ နှစ်၊ ၅ နှစ်ကြာတဲ့အခါ ဘယ်လိုအလုပ်တွေ လုပ်နိုင်လာမလဲ” ဆိုတာပါ။
ဂျပန်စာ၊ လုပ်ငန်းအတွေ့အကြုံနဲ့ အထူးပြုအသိပညာတွေကို လေ့လာဆည်းပူးထားတာက အနာဂတ်မှာ လုပ်ကိုင်နိုင်မယ့်အလုပ်နဲ့ ဝင်ငွေတို့အတွက် အထောက်အကူဖြစ်စေပါတယ်။ ဒါကြောင့် ကိုယ်တိုင်ရော မိသားစုဝင်တွေပါ သူငယ်ချင်း၊ အသိမိတ်ဆွေတွေရဲ့ လစာကိုပဲ ကြည့်ပြီး “လစာနည်းနေသလား” လို့ နှိုင်းယှဉ်မယ့်အစား၊ “ဂျပန်မှာ ဘာတွေ သင်ယူနေလဲ။ အနာဂတ်မှာ ဘယ်လိုအလုပ်မျိုး လုပ်ချင်လဲ” ဆိုတာကို ပြန်လည်မေးမြန်း ဆွေးနွေးကြစေချင်ပါတယ်။
လက်ရှိလစာနဲ့ အနာဂတ်အလုပ်အကိုင်လမ်းကြောင်း၊ ဒီနှစ်ခုလုံးကို ထည့်သွင်းစဉ်းစားပြီး ဂျပန်မှာ လုပ်မယ့်အလုပ်ကို ရွေးချယ်ဖို့ အရေးကြီးပါတယ်။